Posts

Showing posts from October, 2018

မြင်းခွာရွက်အကြောင်း_သိကောင်းစရာများ”

Image
မြင်းခွာရွက်ကို Centella, Indian pennywort, Brahmi, Luei gong gen, Gotu Kola စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ရှေးနှစ်ပေါင်းထောင်ချီ ကတည်းကပင် တရုတ်နှင့် အိန္ဒိယ လူမျိုးများသုံးစွဲခဲ့ကြသည်။ အာယုဗေဒကျမ်းတွင် အရေးကြီးသော ဆေးတမျိုးအဖြစ် ဖေါ်ပြထားပြီး သူတော်စင်များနှင့် ဘုန်းကြီးများ ကမ္မဌာန်းတရား အားထုတ်ရာတွင် အထောက်အကူပြုစိတ်ငြိမ်ဆေးအဖြစ် အသုံးပြု ကြသည်။ တရုတ်ရိုးရာ ဆေးများတွင်လည်း အရွယ်တင်နုပျိုစေနိုင်သော ဆေးဖက်ဝင် အပင်အဖြစ် ဖေါ်ပြခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံတွင် ဆင်များ မြင်းခွာရွက်ပင်ကိုစားသုံးပြီး အသက်ရှည်စွာနေထိုင်နိုင်ခြင်းနှင့် လည်းကောင်းတို့၏ မှတ်ဉာဏ် ကောင်းပုံများကို လူများ နှစ်ပေါင်းများစွာက လေ့လာတွေ့ရှိခဲ့ပြီး ကျန်းမာရေးအတွက် စားသုံးခဲ့ကြသည်။ ရှေးနှစ်ပေါင်းများစွာကပင် ဒါဏ်ရာအနာများနှင့် အအေးမိခြင်း၊ ကိုယ်ခန္တာအပေါ်ပိုင်း အသက်ရှုခြင်းဆိုင်ရာ ပြဿနာများတွင် အသုံးပြု ခဲ့ကြသည်။အခြားစွမ်းရည်တခုမှာ အဖျားကိုကျစေသည်။ ရေယုန်၊ အဆစ်လွဲခြင်း ဝေဒနာများ၊ အရိုးကျိုးခြင်း၊အက်ခြင်း၊ မြွေကိုက်ခံရခြင်း စသည်တို့တွင် ကိုယ်ခန္တာပြင်ပမှ သုတ်လိမ်းခြင်းဖြင့် အသုံးပြု ခဲ့ကြသည်။ အမျိုးသမီးများအတွက်မူ သားဆက်ခြားခြင်...

“ကင်ဆာအတွက် ဂေါ်ဖီထုပ် ဖျော်ရည်”

Image
(ရှေ့ကပို့စ်တခုဖြစ်တဲ့ ကင်ဆာမျိုးစုံကာကွယ်ပေးမဲ့ဖျော်ရည်က နိဓါန်းကို သိသင့်တဲ့အတွက် မဖတ်ရသေးသူများအတွက် ပြန်ကူးထဲ့ထားပါတယ်။ ဖတ်ပြီးရင်တော့ ကျော်သွားလိုက်ပါ။) အချို့အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်တွေမှာ ယနေ့အလွန်ခေတ်စားလှသော ကင်ဆာရောဂါကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် သဘာဝကပေးထားတဲ့ အစွမ်းသတ္တိတွေရှိကြပါတယ်။ ထိုအသီးအနှံဟင်းသီးဟင်းရွက်တို့ကို မိမိတို့နေ့စဉ်စားသောက်နေသော အစားအသာက်များတွင် ထဲ့သွင်းဖြည့်စွက်လိုက်တဲ့အခါမှာ အလုံးစုံသော ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်းနှင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း စသောအကျိုးကျေးဇူးများ ရရှိနိင်ပါတယ်။ လည်းကောင်း တို့သည် ကင်ဆာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်း မရှိသော်လည်း ထိုအသီးအနှံနှင့် အသီးအရွက်များကို ကြိတ်ချေ၍ စားသုံးခြင်းကြောင့် ကင်ဆာရောဂါအချို့ ဖြစ်ပွားမှုကို လျှော့ချကာကွယ်နိုင်ကြောင်းကို ပုံပြင်ဆန်သော သက်သေသာဓက အချို့က သက်သေထူလျှက်ရှိပါသည်။ ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်ဆိုပြီး ရမ်းသမ်းပြီးမသောက်သင့်ပါဖူး။ အသီးအနှံနှင့် အရွက်များဟာ ကိုယ်ခန္ဓာကို ထိခိုက်နစ်နာမှု မရှိသော်ငြားလဲ သဘာဝအတိုင်းပါဝင်သော သကြားဓါ...

အအေးမိ-တုပ်ကွေး-နှာစေး-ချောင်းဆိုးခြင်းအတွက် နည်းလမ်း ( ၁၉ )သွယ်

လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလများက သီတင်းကျွတ်ပြီးသည်နှင့် မိုးလေကင်းစင် အအေးတဖြည်းဖြည်းပိုလာကာ နိုဝင်ဘာ လကုန်မှာ မြူနှင်းမှုန်လေးတွေစတွေ့ ရပါပြီ။ ဒီဇင်ဘာလ နှင့် ဇန္န၀ါရီလတွေမှာ အအေးကဲဆုံးဖြစ်ပြီး ဖေဖေါ်ဝါရီလဆန်း ရောက် တော့ အအေးလည်းပေါ့ နွေဦးလည်းရောက်လို့ လာပါတယ်။ ယခုနောက်ပိုင်းမှာတော့ မိုးအကုန်မှာ အပူဒဏ်ကကြားဝင်လာပြီး၊ ဆောင်းဥတုသို့ု ရုတ်ချည်းကူးပြောင်းသွားပါတော့တယ်။ အဲဒီလို ရာသီဥတု ကူးပြောင်းဒဏ်ကို ချက်ချင်းဆိုသလို ခံစားရတာ ကြောင့် အချို့ သောသူတွေမှာ ကိုယ်လက်မအီမသာ ဖျားနာလာပါတယ်။ အအေးမိတုပ်ကွေးရောဂါဟာ ကမ္ဘာပေါ်မှာပျံ့ နှံ့ ကူးစက်မှု အမြန်ဆုံး နှင့် အဖြစ်များဆုံးသော ရောဂါတစ်မျိုးပါ။ လူတစ်ဦးလျှင် မိုး ရာသီ(သို့ မဟုတ်)ဆောင်းရာသီမှာ ပျမ်းမျှအားဖြင့် အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ဖြစ်တတ်ပါတယ်။ အအေးမိတုပ်ကွေးဖြစ် နေသူတစ်ယောက်ဟာ တစ်ရှုးခံ၍ နှာချေချောင်းဆိုးသင့်ပြီးနောက်၊ ထိုတစ်ရှုးကို အမှိုက်ပုံးထဲသို့ စံနဟ်တကျစွ န့်ပစ်သင့်ပါ တယ်။ လက်ကိုင်ပုဝါနဲ့ အုပ်၍ နှာချေချောင်းဆိုးတဲ့အခါ ဗိုင်းရပ်ပ်ပိုးက ထိုလက်ကိုင်ပုဝါထဲမှာ ၂ နာရီ၊ ၃ နာရီလောက်ကြာမှ သေ သွားပါတယ်။ အကယ်၍ လူအများကြားထဲမှာ နှာချေချောင်းဆိုးတဲ့အခ...

Think

Image