Posts

Showing posts from September, 2018

အ​အေးမိပြီးနာကျင်​ကိုက်​ခခြင်းကို သက်​သာ​စေမယ့်​သဘာဝနည်းလမ်းများ

Image
အအေးမိချင်သလိုလိုဖြစ်လာပြီး တစ်ကိုယ် လုံးကိုက်ခဲနာကျင်နေပြီဆိုရင် အဲဒီအချိန်မှာ အအေးမိကိုက်ခဲဝေဒနာ သက်သာစေဖို့နဲ့ ပိုဆိုးမ လာစေဖို့ သဘာဝနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ် ကိုယ်ဂရုစိုက်ရပါမယ်။ နည်းလမ်း (၁) ရေနွေး သောက်ပါ အအေးမိနေတဲ့အချိန် ခန္ဓာကိုယ်ခုခံအား စနစ်ကနေ အအေးမိဗိုင်းရပ်စ်ပိုးကို တွန်းထုတ်နိုင်ဖို့ ရေနွေးသောက်သင့်ပါတယ်။ ရေနွေးသောက်တာကြောင့် ချွဲတွေကိုပျော်စေပြီး အသက်ရှူရအဆင် ပြေစေပါတယ်။ နည်းလမ်း (၂) ကြက်စွပ်ပြုတ် ပူပူသောက်ပါ ချင်း(ဂျင်း) ခတ်ထားတဲ့ ကြက်စွပ်ပြုတ် ပူပူကို သောက်တာကြောင့် နှာခေါင်းမြှေးတစ်လျှောက် ရှင်း လင်းသွားစေပြီး အာဟာရဓာတ် အပြည့်အ၀ ရရှိစေပါတယ်။ ချင်း(ဂျင်း)က နှာခေါင်းပိတ်တာနဲ့ ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်။ နည်းလမ်း (၃) ကြက်သီးနွေးရေ သုံးပြီး ရေချိုးပါ ကြက်သီးနွေးရေနဲ့ရေချိုးတာကြောင့် နှာခေါင်း ပိတ်တာကို သက်သာစေပြီး လည်ပင်း၊ ရင်ဘတ်နဲ့ နှာခေါင်းတွင်း ဖိအားသက်ရောက်မှုကို လျော့ကျစေ ပါတယ်။ နည်းလမ်း (၄) ဆားရေ အာလုတ်ကျင်းပါ ချောင်းဆိုးချင်သလိုလို၊ လည်ချောင်း နာသလို လိုခံစားရရင် ဆားရည်နဲ့ အာလုတ်ကျင်းပြီး ငုံဆေး ငုံပေးပါ။ နည်းလမ်း (၅)အကိုက်အခဲပျောက်ဆေးသောက်...

ကျောပ်​ကပ်​မှာ ​ကျောက်​မတည်​​စေဖို့လိုက်​နာရမည့်​ စည်းကမ်းများ

Image
ကျောက်ကပ်မှာကျောက်မတည်စေဖို့ နေ့စဉ် စားသောက်မှုပုံစံမှာ ဆင်ခြင်သင့်တာလေးတွေကို မျှဝေလိုက်ပါတယ်။ အနီရောင်အသားနှင့် ကလီစာများလျှော့စားပါ ၀မ်းတွင်း ကလီစာတွေ၊ အနီရောင်အသား (ဥပမာ အမဲသား၊ ဆိတ်သား)၊ မြေအောင်းဥ စတာတွေကို လျှော့စားပါ။ အရည်တို့ကို ဆင်ခြင်သောက်သုံးပါ အရက်၊ ဘီယာ၊ ကွမ်းစားတာကို တတ်နိုင်သမျှ ရှောင်ပါ။ လက်ဖက်ရည်၊ ကော်ဖီတို့ကို အလွန်အမင်းမသောက်ပါနဲ့။ ဆီးအောင့်မထားသင့်ပါ ဆီးသွားချင်ရင် အိမ်သာကို အမြန်ဆုံးသွားပြီး ဆီးသွားလိုက်ပါ။ တတ်နိုင်သမျှ ဆီးအောင့်မထားပါနဲ့။ ရေများများသောက်ပါ ရေများများသောက်ပေးရင် ဆီးကျောက် အမှုန်လေးတွေက ဆီးနဲ့အတူ စွန့်ထုတ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ အနည်းဆုံး ရေသန့်ဘူးနှစ်ဘူးခန့် သောက်ပါ။

ကမ္ဘာတစ်​ဝန်းမှ မျက်​စိအထူးကုဆရာဝန်​များ အကြံ​ပေး​လေ့ရှိသည့်​ မျက်​စိကျန်းမာရးဆိုင်​ရာ အကြံပြုချက်​ (၁၀) ရပ်

Image
ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) မျက်စိကျန်းမာရေးအတွက် ကမ္ဘာတစ်ဝန်းက မျက်စိအထူးကု ဆရာဝန်ကြီးတွေက လမ်းညွှန်ချက်တွေ ပေးထားကြပါတယ်။ တချို့လမ်းညွှန်ချက်တွေကို သင်ကြားဖူးနေနိုင်ပေမယ့် မျက်စိ ဆရာဝန်တိုင်းကတော့ လူတိုင်းကို ဒီလိုသတိပေးနေဖို့ အချိန်မရှိပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အောက်ပါ သတိပေးချက်တွေကို ဖတ်ကြည့်သင့်ပါတယ်။ (၁) “သင့်မျက်မှန်တွေ သန့်ရှင်းကြည်လင်သွားအောင် ဘယ်တော့မှတစ်ရှူး ဒါမှမဟုတ် အိမ်သာ သုံးစက္ကူကိုမသုံးပါနဲ့။ စက္ကူတွေက သစ်သားနဲ့ ပြုလုပ်ထားတာဖြစ်လို့ မျက်မှန်သားတွေကို ခြစ်ရာ ထင်စေပါတယ်။ မျက်မှန်ဘူးထဲမှာပါတဲ့ ပိုးသား ပ၀ါကို သုံးချင်သုံးပါ ဒါမှမဟုတ် ပိုးသားလေးလို ချောမွေ့နေတဲ့ နက်ခတိုင်ကိုသုံးပါ” (၂) “အလင်းလှိုင်းဖြာထွက်မှုကို ထိန်းထားတဲ့ နေကာ မျက်မှန် (Polarized sunglasses)ဟာ မျက်စိကျိန်းတာကို သက်သာစေတဲ့ အကောင်းဆုံး မျက်မှန်ပါ။ ဒါပေမဲ့ အဲဒီမျက်မှန်ဟာ ဟန်းဖုန်းပေါ် LCD စကရင်ကို ပီပီသသမြင်နိုင်ဖို့ ခက်ခဲပါတယ်။” (၃) “လူအများစုက ခရမ်းလွန်ရောင်ခြည် (UV rays)တွေဟာ အရေပြားကိုသာ ထိခိုက်စေနိုင်တယ်လို့ သိထားကြပါတယ်။ တကယ်တမ်းက မျက်စိ အတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် နေပူထဲ ထွက်တဲ့အခါမှာ ...

အိပ်​​ပျော်​ဖို့ စားသင့်​သည့်​ အစားအစာများ

Image
စူး ၊ (ဆေးဝါးတက္ကသိုလ်) တစ်နေ့လုံး လှုပ်ရှားရုန်းကန်ရတာ ပင်ပန်းလွန်းလို့ မျက်စိစုံမှိတ်ပြီး အိပ်ဖို့ကြိုးစားပေမယ့် အိပ်မပျော်နိုင်ဘူးလား၊ အိပ်ရာထဲလူးလွန့်ရင်း အိပ်မပျော်နိုင်တဲ့ညတွေများနေပြီလား . . သင်စားတဲ့ အစားအသောက်တွေကို တစ်ချက်ဆန်းစစ်ကြည့်လိုက်ပါ။ မှန်ကန်တဲ့ အစားအသောက်တွေကို အဆင်ပြေသလို စားသောက်ပေးတာဟာ ကောင်းကောင်းအိပ်မောကျစေပြီး အိပ်ရေးဝစေပါတယ်။ ဒါကြောင့် ညဘက်အိပ်မောကျစေဖို့ အိပ်ရာမ၀င်ခင် အချိန်နှစ်နာရီအလိုမှာ မှီဝဲပေးသင့်တဲ့ အစားအသောက်တွေရှိပါတယ်။ (၁) လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) ညနေတိုင်း ကဖင်းဓာတ်ကို မသောက်ဘဲနေတာက အိပ်စက်ခြင်းအတွက် ကောင်းပါတယ်။ ကဖင်းဓာတ်မပါတဲ့ လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ ချမိုမိုင်းလက်ဖက်ရည်တွေမှာ သီယာနင်းဓာတ်ပါဝင်တာကြောင့် ညဘက် အိပ်မောကျစေပါတယ်။ (၂) မီဆိုဟင်းချို ဂျပန်စားသောက်ဆိုင်တွေမှာ စားသောက်တဲ့အခါ မီဆိုဟင်းချိုမှာ သောက်တာမျိုး ဒါမှမဟုတ် အိမ်မှာ မီဆိုဟင်းချိုချက်သောက်တာမျိုးဟာ ကောင်းကောင်းအိပ်မောကျစေပါတယ်။ မီဆိုဟင်းချိုမှာပါတဲ့ အမိုင်နိုအက်စစ်တွေဟာ အိပ်ပျော်စေတဲ့ မယ်လာတို နင်ဟော်မုန်းထွက်ရှိစေပါတယ်။ လေ့လာမှုအရ ဟင်းချိုနဲ့ ရေနွေးကြမ်းတို့လို ပူနေ...

ကျန်းမာရး အတွက်​ပြုလုပ်​သင့်​သည့်​အ​လေ့အထများ

Image
ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) သင့်ခန္ဓာကိုယ်အတွက် သင်လုပ်သင့်တဲ့အကောင်းဆုံး အလေ့အထတွေရှိပါတယ်။ ဒီအလေ့အထတွေထဲက ဘယ်နှခုလောက်ကို သင်လုပ်ခဲ့မိပါသလဲ။ တကယ်လို့ မလုပ်ဖြစ်ခဲ့ဘူးဆိုရင် သင့်ကျန်းမာရေး ကောင်းမွန်နေစေဖို့ အောက်ပါအလေ့အထတွေကို လုပ်ဆောင်သင့်ပါတယ်။ (၁) တရားထိုင်ခြင်း တစ်နေ့ ၁၀-၂၀ မိနစ်ခန့် ပုံမှန်တရားထိုင်ပြီး စိတ်ဖြေလျှော့အနားယူပေးတာက သက်ရှည်ကျန်းမာစေတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ တရားထိုင်တာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေပြီး ကောင်းကောင်းအိပ်မောကျကာ သွေးတိုးကိုကျစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြင့်တက်စေပြီး နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ (၂) အိပ်ရေး၀၀ အိပ်စက်အနားယူခြင်း တစ်နှစ်လုံး အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးပျက်နေပါသလား။ အိပ်စက်တာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံရဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ စိတ်ရောခန္ဓာပါ ကျန်းမာချမ်းသာစေဖို့ တစ်ညမှာ ၇-၈ နာရီခန့် အိပ်စက်သင့်ပါတယ်။ ရိုချက်စတာတက္ကသိုလ်လေ့လာမှုအရ အိပ်ချိန်မလုံလောက်ရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ထုတ်မယ့် ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို အဟန့်အတားဖြစ်စေပါတယ်။ ဒါကြောင့် ဦးနှောက်လုပ်ငန်းဆောင်တာတွေကိ...

ဆီးချို​ရောဂါနှင့်​ ​လေဖြတ်​​​ဝေဒနာ​အ​ကြောင်းသိ​ကောင်းစရာများအ​မေးအ​ဖြေ

Image
ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း) မေး. ဆီးချိုရောဂါရှိသူတွေ ဘယ်အချိန်မှာ လေဖြတ်နိုင်ခြေများပါသလဲ ဆရာ။ ဖြေ. ဆီးချိုသက်တမ်းရင့်လာရင် လူနာအများစုက ဆီးချိုထိန်းတာ မကောင်းတတ်ကြတော့ပါဘူး။ အဲဒါကြောင့် ဆီးချိုသက်တမ်းရင့်လာတဲ့အခါမှာရော ဆီးချိုကိုထိန်းတာ မကောင်းတဲ့အခါမှာရော လေဖြတ်နိုင်ခြေ များတတ်ပါတယ်။ ဆီးချိုရောဂါနဲ့တွဲပြီး သွေးတိုးရောဂါ၊ အဆီများတာတွေတွဲနေရင်တော့ လေဖြတ်နိုင်ခြေက ပိုများပါတယ်။ ဆီးချိုရောဂါမရှိဘဲနဲ့ စိတ်ဖိစီးမှုကြောင့် ခဏတာဆီးချိုတက်တာမျိုးလည်း ရှိပါတယ်။ လေဖြတ်လိုက်တဲ့အခါမျိုးမှာလည်း စိတ်ဖိစီးပြီး ဆီးချိုမရှိဘဲနဲ့ ဆီးချိုတက်သွားတာမျိုးရှိပါတယ်။ လေဖြတ်ပြီး လေး-ငါး-ခြောက်ရက်လောက်မှာ ဆီးချိုပြန်ကျသွားတယ်ဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ လေဖြတ်တဲ့သူတစ်ယောက်ကို သွေးချိုဆီးချိုတိုင်းလိုက်လို့ သွေးတွင်းသကြားဓာတ်က ၂၀၀ ကျော်နေရင် ကုကိုကုပေးရပါတယ်။ လေဖြတ်တဲ့ လူနာကအစကတည်းက ဆီးချိုရောဂါရှိလို့ပဲဖြစ်ဖြစ်၊ အခုမှ စိတ်ဖိစီးလို့ ဆီးချိုတက်သွားတာဖြစ်ဖြစ် ကုဖို့လိုပါတယ်။ မကုရင် အသက်အန္တရာယ်ရှိသလို ကိုယ်အင်္ဂါ ထိခိုက်ဆုံးရှုံးမှုတွေလည်း ဖြစ်သွားနိုင်ပ...

ကိုယ်​ဝန်​​ဆောင်​မိခင်​များသတိထား လိုက်​နာဖို့

Image
ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အိမ်ထောင်ရှင်အမျိုးသမီးတိုင်းအတွက် ဝမ်းနည်းဝမ်းသာ ခံစားမှုပေါင်းစုံကို ရရှိနိုင်တဲ့ အချိန်ကာလတစ်ခုပါပဲ။ ကိုယ့်ရဲ့ ရင်သွေးလေးက ဝမ်းဗိုက်ထဲမှာရှိနေတယ်ဆိုတဲ့ အသိလေးကြောင့် ကြည်နူးပျော်ရွှင်မိပေမဲ့လည်း မွေးရက်ဖွားရက်တဖြည်းဖြည်း နီးလာလေလေ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်ကြောက်လန့်မှုအတွေးတွေက နေ့စဉ်နေ့တိုင်းခြောက်လှန့်နေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေသာမက အနာဂတ်ရဲ့မိခင်လောင်းလေးတွေအတွက် ကိုယ်ဝန်ဆောင်ချိန်မှာသတိထားသင့်တဲ့အချက်လေးတွေ၊ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သင့်မှာ ရင်သွေးလေးရှိနေပြီ ဆိုတာသိတာနဲ့ ပထမဦးဆုံးသတိထားသင့်တာကတော့ နေ့စဉ်စားသောက်မှုပုံစံပါ။ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး အသား၊ ငါး၊ အသီးအရွက်တို့ကို မျှတအောင် စားသောက်သင့်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ(၁၀)ခွက်ခန့် သောက်သုံးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ကော်ဖီနဲ့ ဆိုးဆေးပါတဲ့အချိုရည်တွေကိုတော့ ကိုယ်ဝန်ဆောင်ကာလအတွင်း မသောက်မိအောင်ရှောင်ကြဉ်ရပါမယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အလေးအပင်မခြင်း၊ ပင်ပန်းတဲ့လုပ်ငန်းဆောင်တာများလုပ်ကိုင်ျခင်းတို့ကို ရှောင...

"လေဆောင်ဖွဲ့ရောဂါအတွက်ဆေးနည်း"

Image
ယခုပြမယ့်ရောဂါက အစာအိမ်လေနာရောဂါတစ်မျိုးလို့ဆိုရမယ် ဒါပေမဲ့ အများသူငါဖြစ်စဉ်လို အစာအိမ်အူလမ်းကြောင်းမှာ လေအစိုင်အခဲတည်ခြင်းမျိုးမဟုတ်ပဲ အစာအိမ်အပြင်ဘက်နာမှာ လေစိုင်တည်တဲ့ရောဂါဖြစ်နေတယ် ရောဂါရဲ့လက္ခဏာက  ထမင်းစားရင်နှလုံးခုန်မြန်တဲ့ရောဂါနှင့် သဘောချင်းတူဆင်နေတာကိုတွေ့ရတယ် ဒါပေမဲ့ခုရောဂါက ထမင်းစားကောင်းပေမဲ့ ထမင်းစားပြီးရင် နှလုံးခံမြန်တာမျိုးတော့မဟုတ်ဘူး ဒီရောဂါမှာထူးနေပြန်တာက ထမင်းစားများသွားရင်တော့ ဝမ်းအောင့်ပြီးရင်ညွန့်ကိုလေဆောင့် တက်တယ် မနက် ၆ နာရီမှာ စပြီး ဘယ်ဘက်ဆီခုံနေရာမှာ အမြှောင့်လေးတွေ ဖြစ်လာတယ်   အဲဒီအမြှောက်လေးတွေကိုလက်နှင့်နှိပ်လိုက်ရင် လေလုံးလေးတွေ စရီး စရဲနှင့်နေတယ်  အဲလိုဖြစ်လာရင် တစ်ရက် လုံးဝေဒနာခံစားရတယ် ဒီရောဂါရဲ့ ဝေဒနာစဖြစ်ချိန်က မနက် ၆ နာရီမှာ စဖြစ်တယ် နေ့အချိန်မှာ ပထဝီဥဏှ+အာပေါသီတ ( ပထဝီဓာတ်ပျက်ချိန် ) ညအချိန်မှာ ပထဝီသီတ+အာပေါဥဏှ (အာပေါဓာတ်ပျက်ချိန် ) မနက် ၆ နာရီမှ နေ့ ၁၂ နာရီအထိ အတွင်းပထဝီပျက်တယ် နေ့ ၁၂ နာရီမှ ညနေ ၆ နာရီအထိ အပြင်ပထဝီပျက်တယ် ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ အပြင်ပထဝီပိတ်တယ် ည ၁၂ နာရီမှ မနက် ၆ နာရီအထိ အတွင်းပထဝ...

ကင်​ဆာ​ရောဂါအတွက်​ ဒူးရင်းသြဇာ အစွမ်း

Image
ကင်ဆာရောဂါဟာ အလွန်အင်မတန်မှ ဆိုးရွားပါတယ် ။ သူဝင်လာလို့ စောစောသိရရင်ကောင်းပါတယ် နောက်ကျလို့ကတော့ဆရာဝန်ကြီးများလည်း အသက်မသေအောင် မကယ်နိုင်ပါဘူး … အခြေအနေ သိပ်ဆိုးလာပြီဆိုရင် သက်သက်သာသာ အသက်ထွက်အောင်ဘဲ ပြုစုပေးနိုင်ကြပါတယ် ။ မိဘတွေတွေရော မိသားစုကရော နောက်ဆုံးအချိန်အထိ ထိုင်ကြည့်နေရပါတယ် ဝေဒနာသည်ဘက်ကလည်း ကောက်ရိုးတစ်မျှင်လေးကိုဘဲ အားကိုမိကြပါတယ် ။ အစပိုင်းမှာ ငွေကုန်ချင်ကုန်ပါစေဆိုပြီး ကုချင်ကြတယ်တချို့လည်း ကုသလို့ ပြန်ကောင်းသွားတတ်တာ ရှိသလို တချို့လည်း ဆေးအတွက်လေးပြီး ဘေးဖြစ်ကြတာလဲရှိပါတယ် ။ ကင်ဆာဝေဒနာသည်တွေ သိပ်သနားစရာ ကောင်းပါတယ် ။ ဒါကြောင့် အခုတွေ့ရတဲ့ နည်းလေးကို Share ပေးတာပါ အားလုံးသတ္တဝါတွေ အနာရောဂါအပေါင်းတို့၏ နှိပ်စက်ခံရခြင်းဘေးမှ ကင်းဝေးကြပါစေဗျာ … မူရင်းစာပိုင်ရှင်များရော အဆင့်ဆင့်တင်ပေးသူများကိုပါ အထူးလေးစားလျက်ပါဗျာ ။ အထူးမှတ်ချက် ဒူရင်းသြဇာနှင့် သံတူကြောင်းကွဲ အသီးများရှိနေပါသဖြင့် မူလပုံနှင့်မတူလျှင် ဆေးဘက်ဝင်မှု ကွာခြားနိုင်ပါကြောင်း အသိပေးပါရစေ ခင်မျာ ..။ ကျွန်မတို့မိတ်ဆွေအမျိုးသမီးတစ်ယောက်ကတိုက်ကြီးမှာနေပါတယ်…သူ့မှာသားအိမ် ကင်ဆာဖြစ်ပြီးဓာတ်ကင်နေရပါတယ်..။ သူ့...

တွဲဖက်​စားလျှင်​ ​သေ​စေနိုင်​​သော အစားအစာများ

နွားနို့ + မှူိ = သေ မင်းကွတ်သီး + သကြား = သေ ရေခဲမုန့် + ချင်းသုပ် = သေ လက်ဖက် + ကျွဲခေါင်းသီး = သေ အမဲသား + ခရု = သေ ဂွေးသီး + အာတာလွတ် = သေ နို့ဆီ + ကိုးပါးဆေး = သေ တညင်းသီး + ရှိန်းခို = သေ အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ ကိုင်းဥ + ပုစွန်ချဉ် = သေ နွားနို့ + အချဉ်အမျိုးအမျိုး = သေ သိုးသား + စောင်းလျားသီး = သေ ကျွှဲခေါင်းသီး + သံပုရာသီး = သေ မှို + ဖားသား = သေ မှို + လယ်ကဏန်း = သေ ၀က်သား + ထန်းရည်ချို =သေ ၀က်သား + ဗျိုင်းသား = သေ ၀က်သား + ကြာရိုးကြာစွယ် =သေ ပျားရည် + သြဇာသီး =သေ ပျားရည် + အုန်းသီး =သေ ပျားရည် + ဥသျှစ်သီး =သေ ခိုသား + ချင်း =သေ ခိုသား + ဖရုံသီး =သေ ကြောင်လျှာသီး + ငါးသေတ္တာ =သေ ကြောင်လျှာသီး + ပဲဒလက် =သေ ကြောင်လျှာသီး + စပါးကြီးမြွေ =သေ ပီလောပီနံ + ပဲကြားလှော် =သေ ပီလောပီနံ + မျှစ်ချဉ် =သေ ပီလောပီနံ + ဒေါင်းသား =သေ ပီလောပီနံ + အချဉ်အမျိုးမျိုး =သေ နို့အေးချောင်း + ဂွေးသီး = သေ ချောကလက် + စောင်းလျားသီး =သေ ချောကလက် + ပဲမြစ် =သေ ရှောက်သီး + နွားနို့၊ နို့ရည် =သေ ထန်းလျက် + နလင်ကျော် =သေ ထန်းလျက် + ၂၇ ပါးဆေး =...

အာရုံကြောအားနည်းခြင်းအတွက်မြန်မာဆေးနည်းကောင်းလေးတခု

Image
ပျားရည်စစ်စစ်နဲ့သံပုရာသီးတစ်လုံးလိုအပ်ပါတယ်။ ရှေးဦးစွာသံပုရာသီးကိုအရည်ညှစ်ယူပါ။၎င်းသံပုရာရည်နှင့်ဆတူပျားရည်စစ်စစ်ကိုရောပြီးသောက်သုံးပေးပါက အာရုံကြောများပြန်လည်သန်စွမ်းလာပါမည်။ တစ်နေ့တစ်ခွက် မှန်မှန်နေ့စဉ်သောက်သုံးပေးရပါမည်။ အစာမစားခင်တစ်နာရီလောက်ခြား၍သောက်သုံးပေးရပါမည်။တစ်လအတွင်းသိသာတိုးတက်လာပါလိမ့်မည်။ ဘာအန္တရာယ်မှမရှိပါ မြန်မာ့ဆေးနည်းကောင်းလေးတစ်ခုပေါ့နော်။ ရောဂါနဲ့ဆေးတွေ့ပါစေ။ #crd

ခါးနာ​ပျောက်​​နည်း

Image
မယုံနိုင်စရာ ထန်းလျက်တစ်လုံးနဲ့ ခါးနာရောဂါယူပစ်သလို ပျာက်တဲ့နည်း… .လုံးဝကိုမယုံနိုင်စရာပဲ လွယ်ကူလို့ သိမ်းထားလိုက်ပါ ခါးနာ နေသောဝေဒနာရှင်က မိမိ တစ်ခါတည်းစား၍ ကုန်နိုင်မည့်အနေတော် ထန်းလျက်ငါးလုးံကိုလက်တွင်ဆုပ်ထားပါ ထို့နောက် အင်္ကျီချွတ်၍ ချောင်းသို့မဟုတ် မြစ်ထဲသို့ ဝေဒနာရှင် ၏ “ချက်” ရေမြုပ်သည်အထိ ဆင်းပါ ။ ချက် ရေမြုပ်သည့် နေရာတွင် ရပ်၍ လက်ထဲတွင်ဆုပ်ထားသော ထန်းလျက် ငါးလုးံ ကို တစ်ခါတည်းကုန်အောင်စားပါ စားပြီးပြီးခြင်း ရေမသောက်ရ ရေ ထဲမှ ပြန်တက်လာပြီး အဝတ် လဲ ကာ အဝတ် ခြောက်ဖြင့် ရေအားလုးံခြောက်သွားအောင် သုတ်ပစ်ပါ။ ပြီးနောက် အင်္ကျီပြန်ဝတ် ချက်အောက်က အပူတရှိန်ရှိန် ထွက်နေခြင်းရပ်သွားမှ ရေ တစ်ခွက် သောက်ပြီး ရေချိုး ပါ တစ်ညအိပ် လွန်မြောက်သွားပါက ခါးနာ ဝေဒနာ ဘယ်နေရာမှန်း သိတော့မည်မဟုတ်ပါ… ဒီနည်းဟာအတော်ကိုအံ့သြဖို့ကောင်းတဲ့နည်းဖြစ်လို့ ဂရုစိုက်ပီးစမ်းကြည့်ပေးပါ၊ လူတိုင်းလိုလို ခါးနာဖူးတော့ ဒီနည်းသာရထားရင် ဒီကိစ္စကအပျင်းပြေလိုဖြစ်နေမှာပါ…  Crd: စိုက်​ပျိုး​ရေး နှင့်​ အ​ထွေ​ထွေဗဟုသုတ

ကင်​ဆာသမား​တွေအတွက်​ ရဲယိုသီး အစွမ်း

Image
ဆေးသိပ္ပံပညာရှင်တို့၏ အသည်းနှလုံးကို ကိုင်လှုပ်သည်က ရဲယိုဖြစ်သည်။ကင်ဆာဖြစ်သည်က သေမိန့်စောင်ရသူနှင့်လည်းတူလှသည်။သို့သော် ရဲယိုအစွမ်းဖြင့်ကင်ဆာကို ပျောက်ကင်းစေမည် လား၊ကာကွယ်နိုင်စေမည်လားစဉ်းစားဖွယ်ဖြစ် တော့၏။ ကင်ဆာရောဂါအတွက် အကောင်းဆုံး စမ်းသပ်မှုများကို တိရစ္ဆာန်များဖြင့်စမ်းသပ်ခြင်း ၊ခန္ဓာကိုယ်ပြင်ပတွင် စမ်းသပ်ခြင်းစသည်ဖြင့် များစွာပြုလုပ်ခဲ့ကြသည်။ ကင်ဆာဆဲလ်များကို ရဲယို၏အာနိသင်ကတိုက်ဖျက်နိုင်သည်ဟု ဆေးသိပံ္ပပညာရှင်တို့၏ ကြေညာ ချက်သည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ခဲ့သည်မဟုတ်ပါလား။ ကင်ဆာရောဂါရှင်တို့ အတွက်မျှော်လင့်ချက်ရောင်ခြည်လည်း ဖြစ်ခဲ့သည်။ ရဲယိုသီးတွင်ပါဝင်သော (xeronine)သည်ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပြီး ခန္ဓာ ကိုယ်ထဲက တစ်သျှူးတွေကို ကင်ဆာဆဲလ် အဖြစ်မပြောင်းလဲနိုင်အောင် ထိထိရောက် ရောက် ကာကွယ်ပေးပါသည်။ ဒါကြောင့်ရဲယိုသီးမှန်မှန်စားသူတွေဟာ အရေပြား ကင်ဆာဖြစ်ဖို့ အလားအလာနည်းလှပါသည်။ ရဲယိုတွင်ပါဝင်တဲ့ ဆေးဖက်ဝင်ဓာတုပစ္စည်း(xeronine)ကို ၁၉၇၂ခုနှစ် က ဟာဝိုင်ရီ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဟိုင်နက် ကီကစတင်တွေ့တာဖြစ်ပါတယ်။ Xeronineသည် လူတိုင်းအတွက် အနည်းငယ်သာလိုသော ဟိုမုန်းတစ်မျိုးဖြစ်ပါသည်။ြ...