"လေဆောင်ဖွဲ့ရောဂါအတွက်ဆေးနည်း"


ယခုပြမယ့်ရောဂါက အစာအိမ်လေနာရောဂါတစ်မျိုးလို့ဆိုရမယ်
ဒါပေမဲ့ အများသူငါဖြစ်စဉ်လို အစာအိမ်အူလမ်းကြောင်းမှာ
လေအစိုင်အခဲတည်ခြင်းမျိုးမဟုတ်ပဲ အစာအိမ်အပြင်ဘက်နာမှာ
လေစိုင်တည်တဲ့ရောဂါဖြစ်နေတယ်

ရောဂါရဲ့လက္ခဏာက  ထမင်းစားရင်နှလုံးခုန်မြန်တဲ့ရောဂါနှင့်
သဘောချင်းတူဆင်နေတာကိုတွေ့ရတယ်

ဒါပေမဲ့ခုရောဂါက ထမင်းစားကောင်းပေမဲ့ ထမင်းစားပြီးရင်
နှလုံးခံမြန်တာမျိုးတော့မဟုတ်ဘူး

ဒီရောဂါမှာထူးနေပြန်တာက
ထမင်းစားများသွားရင်တော့ ဝမ်းအောင့်ပြီးရင်ညွန့်ကိုလေဆောင့်
တက်တယ်

မနက် ၆ နာရီမှာ စပြီး ဘယ်ဘက်ဆီခုံနေရာမှာ အမြှောင့်လေးတွေ
ဖြစ်လာတယ်   အဲဒီအမြှောက်လေးတွေကိုလက်နှင့်နှိပ်လိုက်ရင်
လေလုံးလေးတွေ စရီး စရဲနှင့်နေတယ်  အဲလိုဖြစ်လာရင် တစ်ရက်
လုံးဝေဒနာခံစားရတယ်

ဒီရောဂါရဲ့ ဝေဒနာစဖြစ်ချိန်က မနက် ၆ နာရီမှာ စဖြစ်တယ်

နေ့အချိန်မှာ ပထဝီဥဏှ+အာပေါသီတ ( ပထဝီဓာတ်ပျက်ချိန် )
ညအချိန်မှာ ပထဝီသီတ+အာပေါဥဏှ (အာပေါဓာတ်ပျက်ချိန် )

မနက် ၆ နာရီမှ နေ့ ၁၂ နာရီအထိ အတွင်းပထဝီပျက်တယ်

နေ့ ၁၂ နာရီမှ ညနေ ၆ နာရီအထိ အပြင်ပထဝီပျက်တယ်

ညနေ ၆ နာရီမှ ည ၁၂ နာရီအထိ အပြင်ပထဝီပိတ်တယ်

ည ၁၂ နာရီမှ မနက် ၆ နာရီအထိ အတွင်းပထဝီပိတ်တယ်

ယခုရောဂါက မနက် ၆ နာရီမှာ စတင်၍ လေစိုင်အခဲဖြစ်ပေါ်လေ့
ရှိတာမို့  အတွင်းမထဝီပိတ်ခြင်းရဲ့အဆုံး-><-အတွင်းပထဝီပျက်ခြင်း
ရဲ့အစ  ဒီနှစ်ခုရဲ့ကြားကာလမှာ  လေစိုင်လေခဲ စတင်ဖြစ်ပေါ်လေ့
ရှိတာမို့  အပိတ်ဓာတ်ရဲ့အားအများဆုံးအချိန်မှာ အတွင်းပျက်ခြင်းရဲ့
ပထဝီဝါယောဓာတ်ကြောင့် မပွင့်နိုင် မပျံ့နိုင်သော လေစိုင်လေခဲ
ဖြစ်လာရတာပါပဲ

အချုပ်ကိုဆိုရသော်  ပထဝီဓာတ်လွန်ကဲလို့ လေချုပ်တဲ့ရောဂါဖြစ်
လာရတယ်  ဒါပေမဲ့ အစာအိမ်အူလမ်းကြောင်းမှာတော့မဟုတ်ဘူး
အစာအိမ်ရဲ့အပြင်ဘက်ရှိ အမှေးအကာလေးတွေရဲ့အတွင်းမှာ
လေစိုင်လေခဲဖြစ်တည်တဲ့ရောဂါသာလျင်ဖြစ်တယ်

ဆီးကောင်းတယ်
လေလည်မှုနည်းတည်
ဝမ်းချုပ်တယ် ဝမ်းချုပ်ရင်ပိုဆိုးတယ်
အဲလိုဖြစ်လာပါက ရင်ညွန့်နေရာကို ဆောင်တက်တယ်
အသက်ရှူကျပ်ပြီးမောတယ်
ခေါင်းထဲမှာ မူးလာတယ်

မူလအကြောင်းရင်းကိုကြည့်တော့  ကွမ်းကိုအလွန်ကျွံစားခဲ့တယ်
စစ်သားဆိုတော့  နေပူမိုးရွာ နှင်းတော့မရှောင် တောတောင်ထဲ
သွားလာခဲ့ရတယ် ဖြစ်သလိုစားသောက်နေထိုင်လာခဲ့ရတာတွေ
အားလုံးပေါင်ခြုံလိုက်တော့ ပထဝီဥဏှတေဇောကျဆင်းလာကာ
ပထဝီဓာတ်လွန်ကဲမှုဖြစ်လာရတော့တာပါပဲ

ဒီနေရာမှာ နှိုင်းယှဉ်ကြည့်ရပါလျင်

ထမင်းစားပြီးချိန်မှာ နှလုံးခုန်နှုံးမြန်တဲ့ လေလွန်နာရောဂါက
အပြင်ပထဝီဓာတ်လွန်ကဲပြီး အပိတ်ဓာတ်လွန်ကဲလို့ဖြစ်ရတာ
ကိုယ်လက်လှုပ်ရှားလိုက်ရင် သက်သာတယ်
( ဒီရောဂါက အသားကလပ်စည်းနှင့်သွေးကြောတွေထဲမှာ လေခိုပြီး
   လေလွန်ကဲလို့ဖြစ်တဲ့ရောဂါ )

ယခုရောဂါက လေလွန်နာရောဂါဆိုပေမဲ့ အတွင်းပထဝီဓာတ်လွန်ကဲ
ပြီး အပိတ်ဓာတ်လွန်ကဲလို့ဖြစ်ရတာ
( ဒီရောဂါက အစာအိမ်ဘေးက အမှေးအကာတွေထဲမှာ လေခိုပြီး
   လေလွန်ကဲလို့ဖြစ်တဲ့ရောဂါ )

သဘောချင်းကတော့ အတူတူပဲ
အပြင်ပထဝီပိတ်တာနှင့် အတွင်းပထဝီပိတ်တာ
ဒါ ပဲ ကွာ တယ်

ဒီတော့ ဆေးပေးပါမယ်

၁    ဣဿ  ရမူလီအမျှစ်ဥ     ၁၅ိ
၂    ဘုမ္မရာဇာ                    ၁၅ိ      
၃    သပြုသီးအခွံ                  ၅ိ
၎    သစ်ကျပိုးခေါက်               ၅ိ
၅    ကရဝေးရွက်                   ၅ိ
၆    ခြယားစေ့                      ၁ိ
၇    ပိတ်ချင်းသီး                   ၅ိ
၈    ဂျင်း                             ၅ိ
၉    ဒန့်သလွန်မျှစ်                ၁၀ိ
၁၀  ကြက်သွန်ဖြူတစ်လုံးဥ        ၅ိ
၁၁  ဆူးပေါက်ဟင်းနုနွယ်        ၁၀ိ

၎င်းဆေးတို့ကို အမှုန့်ပြု၍  ညအိပ်ယာဝင်ခါနီးမှာ မန်ကျည်းစေ့ခန့်
စားပြီး ရေစိမ်းအေးအေးကိုများများသောက်ပြီးအိပ်ပါလေ

                              အရှင်ဇဝန ( တောင်ကတုံး )

Comments

Popular posts from this blog

“ကင်ဆာအတွက် ဂေါ်ဖီထုပ် ဖျော်ရည်”

အ​အေးမိပြီးနာကျင်​ကိုက်​ခခြင်းကို သက်​သာ​စေမယ့်​သဘာဝနည်းလမ်းများ