“ကင်ဆာအတွက် ဂေါ်ဖီထုပ် ဖျော်ရည်”
(ရှေ့ကပို့စ်တခုဖြစ်တဲ့ ကင်ဆာမျိုးစုံကာကွယ်ပေးမဲ့ဖျော်ရည်က နိဓါန်းကို သိသင့်တဲ့အတွက် မဖတ်ရသေးသူများအတွက် ပြန်ကူးထဲ့ထားပါတယ်။ ဖတ်ပြီးရင်တော့ ကျော်သွားလိုက်ပါ။)
အချို့အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်တွေမှာ ယနေ့အလွန်ခေတ်စားလှသော ကင်ဆာရောဂါကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် သဘာဝကပေးထားတဲ့ အစွမ်းသတ္တိတွေရှိကြပါတယ်။
ထိုအသီးအနှံဟင်းသီးဟင်းရွက်တို့ကို မိမိတို့နေ့စဉ်စားသောက်နေသော အစားအသာက်များတွင် ထဲ့သွင်းဖြည့်စွက်လိုက်တဲ့အခါမှာ အလုံးစုံသော ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်းနှင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း စသောအကျိုးကျေးဇူးများ ရရှိနိင်ပါတယ်။
လည်းကောင်း တို့သည် ကင်ဆာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်း မရှိသော်လည်း ထိုအသီးအနှံနှင့် အသီးအရွက်များကို ကြိတ်ချေ၍ စားသုံးခြင်းကြောင့် ကင်ဆာရောဂါအချို့ ဖြစ်ပွားမှုကို လျှော့ချကာကွယ်နိုင်ကြောင်းကို ပုံပြင်ဆန်သော သက်သေသာဓက အချို့က သက်သေထူလျှက်ရှိပါသည်။
ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်ဆိုပြီး ရမ်းသမ်းပြီးမသောက်သင့်ပါဖူး။ အသီးအနှံနှင့် အရွက်များဟာ ကိုယ်ခန္ဓာကို ထိခိုက်နစ်နာမှု မရှိသော်ငြားလဲ သဘာဝအတိုင်းပါဝင်သော သကြားဓါတ်က သွေးအတွင်းရှိ အင်ဆူလင် ပမာဏကို မြှင့်တက်စေနိုင်တာကို သတိပြုဖို့လိုပါတယ်။
ဒါ့ကြောင့် ဒီဖျော်ရည်ကို မသောက်သုံးခင်မှာ နားလည်တတ်ကျွမ်းသော ဆရာဝန်များနဲ့ တိုင်ပင်ပါ။ သို့မှသာ သောက်သုံးမည့်သူ၏ အသက်၊ ကျန်းမာရေးအခြေအနေနှင့် အခြားသော အကြောင်းအရာများ အပေါ် အခြေခံ၍ မည်မျှသောက်သုံးသင့်သည်ကို အကြံဥာဏ် ရယူနိုင်မှာဖြစ်ပါတယ်။
ဓါတုကုထုံးခံယူနေသူများအတွက်ကတော့ ဒီဖျော်ရည်ဟာ အစားအသောက် အစားထိုးအနေနှင့် သောက်သင့်တယ် သို့မဟုတ် တွဲဖက် ဖြည့်စွက်စာအဖြစ် စားသုံးသင့်သလားဆိုတာကို သမားတော်၊ ဆရာဝန်များနှင့် ဦးစွာ ဆွေးနွေးတိုင်ပင်ပါ။
“ဂေါ်ဖီထုပ်ဖျော်ရည်” (ကင်ဆာရောဂါ ကာကွယ်ရန်)
ကင်ဆာရောဂါကို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေ အကြောင်းပြောရင် ဂေါ်ဖီထုပ်ကိုလဲ မေ့ထားလို့မရပါဖူး။ အနည်းငယ် သက်တဲ့ အရသာကို အချို့တွေမခံနိုင်ပေမဲ့ အရာသာကို ညှိပြီးသောက်သုံးနိုင်အောင်လို့ မုန်လာဥဝါကို ထပ်ထဲ့နိုင်ပါတယ်။
သူတို့တွေမှာ ဗိုက်တာမင်ကေ၊ ဗိုက်တာမင်စီ၊ ဖိုက်ဘာ၊ မန်ဂနိစ်၊ B6 ၊ ဖေါလစ်အက်ဆစ်၊ အိုမီဂါ၃၊ ကယ်လ်ဆီယမ်၊ အဟာရဓါတ်ပေါင်းစုံနှင့် အန်တီအောက်ဆီဒန့်တို့ ပါဝင်သည်။
ဂေါ်ဖီထုပ်ဖျော်ရည်သည် အထူးသဖြင့် အူမကြီး၊ အဆုတ်၊ ရင်သားနှင့် ယောင်္ကျားများတွင် ဖြစ်တတ်သည့် ဆီးကျိတ်ကင်ဆာများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါသည်။
အနီရောင် ဂေါ်ဖီထုပ်(Red Cabbage) ရနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ မရရင်တော့ ဂေါ်ဖီထုပ် အဖြူကိုပဲအသုံးပြုနိုင်ပြီး ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်းနှင့် အခြားသော အစိမ်းရောင်ရှိသည့် ဂေါ်ဖီမျိုးနွယ်ပင်များကိုပါ ကင်ဆာ ကာကွယ်သည့် ဖျော်ရည်အဖြစ် အသုံးပြုနိုင်ပါသည်။
Winn Hlaing Oo
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.wordpress.com
ဖေ့ဘွတ်ပေါ်လစီအရ ပေ့ခ်ျများကို လိုက်ခ်လုပ်ထားသော်လဲ ၆% မှ၁၀% အထိသာမြင်ခွင့်ပေးပါသည်။ အခြားသူများလဲ ဖတ်ရှုနိုင်ရန်အတွက် ဒီပေ့ခ်ျကို လိုက်ခ်လုပ်ရန် မိမိ၏သူငယ်ချင်းများကို ဖိတ်ခေါ်ခြင်းသော်လည်းကောင်း၊ ပြန်လည်၍ share လုပ်ခြင်းဖြင့် လည်းကောင်း ပရဟိတ လုပ်ငန်းတွင် ကျေးဇူးပြု၍ တဖက်တလမ်းမှ ပါဝင်ကူညီပါ။

Comments
Post a Comment