ကင်​ဆာ​ရောဂါအတွက်​ ဒူးရင်းသြဇာ အစွမ်း


ကင်ဆာရောဂါဟာ အလွန်အင်မတန်မှ ဆိုးရွားပါတယ် ။ သူဝင်လာလို့ စောစောသိရရင်ကောင်းပါတယ် နောက်ကျလို့ကတော့ဆရာဝန်ကြီးများလည်း အသက်မသေအောင် မကယ်နိုင်ပါဘူး … အခြေအနေ သိပ်ဆိုးလာပြီဆိုရင် သက်သက်သာသာ အသက်ထွက်အောင်ဘဲ ပြုစုပေးနိုင်ကြပါတယ် ။

မိဘတွေတွေရော မိသားစုကရော နောက်ဆုံးအချိန်အထိ ထိုင်ကြည့်နေရပါတယ် ဝေဒနာသည်ဘက်ကလည်း ကောက်ရိုးတစ်မျှင်လေးကိုဘဲ အားကိုမိကြပါတယ် ။

အစပိုင်းမှာ ငွေကုန်ချင်ကုန်ပါစေဆိုပြီး ကုချင်ကြတယ်တချို့လည်း ကုသလို့ ပြန်ကောင်းသွားတတ်တာ ရှိသလို တချို့လည်း ဆေးအတွက်လေးပြီး ဘေးဖြစ်ကြတာလဲရှိပါတယ် ။ ကင်ဆာဝေဒနာသည်တွေ သိပ်သနားစရာ ကောင်းပါတယ် ။

ဒါကြောင့် အခုတွေ့ရတဲ့ နည်းလေးကို Share ပေးတာပါ အားလုံးသတ္တဝါတွေ အနာရောဂါအပေါင်းတို့၏ နှိပ်စက်ခံရခြင်းဘေးမှ ကင်းဝေးကြပါစေဗျာ … မူရင်းစာပိုင်ရှင်များရော အဆင့်ဆင့်တင်ပေးသူများကိုပါ အထူးလေးစားလျက်ပါဗျာ ။

အထူးမှတ်ချက်

ဒူရင်းသြဇာနှင့် သံတူကြောင်းကွဲ အသီးများရှိနေပါသဖြင့် မူလပုံနှင့်မတူလျှင် ဆေးဘက်ဝင်မှု ကွာခြားနိုင်ပါကြောင်း အသိပေးပါရစေ ခင်မျာ ..။ ကျွန်မတို့မိတ်ဆွေအမျိုးသမီးတစ်ယောက်ကတိုက်ကြီးမှာနေပါတယ်…သူ့မှာသားအိမ် ကင်ဆာဖြစ်ပြီးဓာတ်ကင်နေရပါတယ်..။

သူ့ကို ကျွန်မအဖေက ဒူးရင်းသြဇာအရွက်ပြုတ် သောက်ခိုင်းတာ ကြားလိုက်ရတယ်..။အတော်ကြာကြာမှာ သူနဲ့ထပ်တွေ့တော့ သူတော်တော်သက်သာနေသလို..သူ့ကင်ဆာရောဂါလဲ သက်သာနေတာမြင်ရပါတယ်။

တကယ်တော့ ဒူးရင်းသြဇာ စွမ်းကြောင်း..တခြားနိုင်ငံတွေက သုတေသနလုပ်ပြီး ဈေးကွက်မှာ အရွက်နဲ့ပတ်သတ်တဲ့ဆေး အသီးနဲ့ ပတ်သတ်တဲ့ဆေး အမျိုးမျိုးတောင် ထုတ်လုပ်ရောင်းချနေကြပါပြီ ။

ပုံတွေကို လေ့လာနိုင်ရန်တင်ပေးလိုက်ပါတယ်…။ တကယ့်ဝေဒနာရှင်များ တွေ့ရှိပြီး အနာနဲ့ဆေးတည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…။

ကင်ဆာနှင့်ဒူးရင်းသြဇာ

ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက်နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ကိုယ်စားလှယ်တွေ ထဲမှာတစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။

အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ဆေးည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။

အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေက လန့်နေကြပါပီ ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင်သူ့ ကင်ဆာဖြစ်တာသူများကိုမသိစေချင်ဘူး၊

သူများတွေ သူ့ကိုသေ လူလို့ကြည့်နေတဲ့ အကြည့်တွေ မခံနိုင်ဘူးဆိုပီး ရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံးကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။

အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိ မ်တစ်အိမ်လို ဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။

အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကို ရေနွေးကြမ်းလို လုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ ကျွန်မတောင်စမ်းသောက်ကြည့်ပီး တွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။

ခီမိုသွင်းထားတဲ့ လူနာတွေဆိုခံတွင်းထဲ ဘာထည့်ထည့် အရသာမရှိတော့ဘူး။ အရမ်းလဲသနားဖို့ ကောင်းပါတယ်။ ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။

အရသာလဲမဆိုးတဲ့ ဘဘာဝအသီးပင်ရဲ့ အရွက်ကို ပြုတ်ပြီးသောက်ရုံတင်နဲ့ ကင်ဆာရောဂါကို ပျောက်ကင်းသက် သာစေတာကတော့ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့ ရဲရဲကြီးမျှဝေလိုက်ပါတယ်။

ဆေးပညာအကြောင်း အစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell အကောင်းရော အဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ်တယ်လို့ ရှင်းပြပါတယ်။

ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊ တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေသက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။

ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်းများမှာလဲ ကင်ဆာရောဂါရှိတဲ့ သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။

ကင်ဆာဆဲလ် တွေစစ်တဲ့အခါ တိုးတက်မှုရှိမရှိကို သိလာပါလိမ့်မယ်နော်။ ဒူးရင်းသြဇာလို့ မြန်မာပြည်မှာခေါ်တဲ့အသီးကို သိကြမယ်ထင်ပါတယ်နော်။ အဲဒီအသီးပင်ရဲ့အရွက် ကိုပြုပ်သောက်ရမှာဖြစ်ပါတယ်။

ဆေးနည်းကတော့

အရွက် (၂၀) ရွက် ကို ရေ ၆-၈ ခွက်ထည့်ပီး မီးအေးအေးနဲ့ (၂) နာရီကြာအောင်တည်ရပါမယ်။ တစ်ရက်ကို (၃) ခါ နှစ်ခွက်စီ သောက်ပါ ။ (၅)ရက်သောက်ရမှာဖြစ်ပါတယ်။

လိုအပ်ရင် ဆက်သောက်သွားလို့ ရပါတယ်။ အသီးလဲကြိုက်တတ်ရင် ရန်ဖန်ရံခါစားပေးပါ။ ကင်ဆာရောဂါရှိသူများ၊ အသိမိတ်ဆွေအမျိုးထဲမှ ရောဂါရှိသူများကို သဘာဝဆေးလည်း၏ ဖြစ်တာကြောင့် ဘေးဥပဒ်မသင့်မှာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းပေးကြပါနော်။

သက်သာ ပျောက်ကင်းသွားတယ်ဆိုရင် …ကိုယ့်အတွက်အမြတ်ပါဘဲ.။ ကိုယ်တွေ့လူနာများမှ ပြောစကားများမျှဝေပါသည်….။

ဤဆေးသောက်ဖူး၍ အမှန်တကယ်ပျောက်သွားဘူးကုန်သော ဝေဒနာရှင်များရှိပါ ကအတွေ့အကြုံများ ပြန်လည်ပြောပြပြီးကျေးဇူးပြပေးပါခင်ဗျ ။ အားလုံးအနာရောဂါခပ်သိမ်းကင်းရှင်းကြပါစေ

Comments

Popular posts from this blog

“ကင်ဆာအတွက် ဂေါ်ဖီထုပ် ဖျော်ရည်”

အ​အေးမိပြီးနာကျင်​ကိုက်​ခခြင်းကို သက်​သာ​စေမယ့်​သဘာဝနည်းလမ်းများ