(ရှေ့ကပို့စ်တခုဖြစ်တဲ့ ကင်ဆာမျိုးစုံကာကွယ်ပေးမဲ့ဖျော်ရည်က နိဓါန်းကို သိသင့်တဲ့အတွက် မဖတ်ရသေးသူများအတွက် ပြန်ကူးထဲ့ထားပါတယ်။ ဖတ်ပြီးရင်တော့ ကျော်သွားလိုက်ပါ။) အချို့အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်တွေမှာ ယနေ့အလွန်ခေတ်စားလှသော ကင်ဆာရောဂါကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် သဘာဝကပေးထားတဲ့ အစွမ်းသတ္တိတွေရှိကြပါတယ်။ ထိုအသီးအနှံဟင်းသီးဟင်းရွက်တို့ကို မိမိတို့နေ့စဉ်စားသောက်နေသော အစားအသာက်များတွင် ထဲ့သွင်းဖြည့်စွက်လိုက်တဲ့အခါမှာ အလုံးစုံသော ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးလှည့်ပတ်မှုကောင်းမွန်စေခြင်းနှင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း စသောအကျိုးကျေးဇူးများ ရရှိနိင်ပါတယ်။ လည်းကောင်း တို့သည် ကင်ဆာရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်ခြင်း မရှိသော်လည်း ထိုအသီးအနှံနှင့် အသီးအရွက်များကို ကြိတ်ချေ၍ စားသုံးခြင်းကြောင့် ကင်ဆာရောဂါအချို့ ဖြစ်ပွားမှုကို လျှော့ချကာကွယ်နိုင်ကြောင်းကို ပုံပြင်ဆန်သော သက်သေသာဓက အချို့က သက်သေထူလျှက်ရှိပါသည်။ ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်ဆိုပြီး ရမ်းသမ်းပြီးမသောက်သင့်ပါဖူး။ အသီးအနှံနှင့် အရွက်များဟာ ကိုယ်ခန္ဓာကို ထိခိုက်နစ်နာမှု မရှိသော်ငြားလဲ သဘာဝအတိုင်းပါဝင်သော သကြားဓါ...
Comments
Post a Comment