မြင်းခွာရွက်အကြောင်း_သိကောင်းစရာများ”
မြင်းခွာရွက်ကို Centella, Indian pennywort, Brahmi, Luei gong gen, Gotu Kola စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ရှေးနှစ်ပေါင်းထောင်ချီ ကတည်းကပင် တရုတ်နှင့် အိန္ဒိယ လူမျိုးများသုံးစွဲခဲ့ကြသည်။ အာယုဗေဒကျမ်းတွင် အရေးကြီးသော ဆေးတမျိုးအဖြစ် ဖေါ်ပြထားပြီး သူတော်စင်များနှင့် ဘုန်းကြီးများ ကမ္မဌာန်းတရား အားထုတ်ရာတွင် အထောက်အကူပြုစိတ်ငြိမ်ဆေးအဖြစ် အသုံးပြု ကြသည်။ တရုတ်ရိုးရာ ဆေးများတွင်လည်း အရွယ်တင်နုပျိုစေနိုင်သော ဆေးဖက်ဝင် အပင်အဖြစ် ဖေါ်ပြခဲ့ကြသည်။
သီရိလင်္ကာနိုင်ငံတွင် ဆင်များ မြင်းခွာရွက်ပင်ကိုစားသုံးပြီး အသက်ရှည်စွာနေထိုင်နိုင်ခြင်းနှင့် လည်းကောင်းတို့၏ မှတ်ဉာဏ် ကောင်းပုံများကို လူများ နှစ်ပေါင်းများစွာက လေ့လာတွေ့ရှိခဲ့ပြီး ကျန်းမာရေးအတွက် စားသုံးခဲ့ကြသည်။
ရှေးနှစ်ပေါင်းများစွာကပင် ဒါဏ်ရာအနာများနှင့် အအေးမိခြင်း၊ ကိုယ်ခန္တာအပေါ်ပိုင်း အသက်ရှုခြင်းဆိုင်ရာ ပြဿနာများတွင် အသုံးပြု ခဲ့ကြသည်။အခြားစွမ်းရည်တခုမှာ အဖျားကိုကျစေသည်။ ရေယုန်၊ အဆစ်လွဲခြင်း ဝေဒနာများ၊ အရိုးကျိုးခြင်း၊အက်ခြင်း၊ မြွေကိုက်ခံရခြင်း စသည်တို့တွင် ကိုယ်ခန္တာပြင်ပမှ သုတ်လိမ်းခြင်းဖြင့် အသုံးပြု ခဲ့ကြသည်။ အမျိုးသမီးများအတွက်မူ သားဆက်ခြားခြင်းတွင် အသုံးပြုခဲ့ ကြသည်။ မြင်းခွာရွက်ကို အမျိုးသမီးများ ပုံမှန်နေ့စဉ်မှန်မှန်စားသုံးခြင်းဖြင့် ကိုယ်ဝန်ရရှိစေရန် အခက်အခဲဖြစ်စေတဲ့အတွက် လည်းကောင်းဆေးကိုမသောက်သုံးခင်မှာ ဆရာဝန်နှင့် တိုင်ပင်ပါ။
ဝက်ရူးပြန်ရောဂါ၊ စိတ်နှင့်ပက်သက်သော ရောဂါများ၊ ဒူလာရောဂါနှင့် ဆစ်ဖလစ်ရောဂါများတွင် အောင်မြင်စွာ အသုံးပြု ခဲ့ကြသည်။ ဆီးရွင်စေ၍ ဝမ်းလျှော၊ ဝမ်းပျက်ခြင်းကို ကာကွယ် ကုသပေးနိုင်သည်။ ပန်းနာရင်ကျပ်၊ သွေးတိုးရောဂါ၊ ယောင်ရမ်းခြင်းများ၊ အသဲဆိုင်ရာ ရောဂါများနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများတွင်လည်း အသုံးပြုနိုင်သည်။ အရေပြားပေါ်တွင် အနီကွက်များထခြင်းနှင့် နှင်းခူနာတို့ကြောင့် ယောင်ရမ်းခြင်းများ လျှော့ချရန်အတွက် အသုံးပြုသည်။
ရှေးသမားတော်များသည် သွေးတိုးရောဂါ၊ သတိမေ့ခြင်း၊ ဦးနှောက်စွမ်းရည်ဆိုင်ရာ မြှင့်တင်ခြင်း၊ မှတ်ဉာဏ်စွမ်းရည် မြှင့်တင်ခြင်းတို့တွင် အသုံးပြု ခဲ့ကြသည်။ အသက်ရှည်ဆေး အဖြစ်လဲ ဖေါ်စပ်အသုံးပြု ခဲ့ကြသည်။ အထူးသဖြင့် ကိုယ်ခန္တာပင်ပန်းနွမ်းနယ်မှု သက်သာစေရန်နှင့် စိတ်နှင့်ပက်သက်သော ရောဂါဝေဒနာများ၊ စိတ်လှုပ်ရှားခြင်း၊ ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ စိတ်ဖိစည်းမှုများခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းတို့အတွက် အသုံးဝင်ပါသည်။
မြင်းခွာရွက်တွင် ပါဝင်သော Triterpenoid ကြောင့် စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်းကို လျှော့ချပေးသည်။ လေ့လာတွေ့ရှိမှု များအရ ဆူညံကျယ်လောင်သောအသံများကြောင့် ဖြစ်တတ်သော ရုတ်တရက် လန့်ခြင်းကို လျှော့ချပေးသည်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေကာ တစ်ရှုးများကို အားအင်ဖြည့်ဖြိုး စေနိုင်သည့် သတ္တိရှိပြီး သွေးကြောများ ဆန့်ကျုံ့နိုင်သည့် သတ္တိကို မြှင့်တင်ပေးသည့်အတွက် ခြေထောက်များတွင် သွေးကြောထုံးခြင်းနှင့် လိပ်ခေါင်းရောဂါများကို ကုသပေးနိုင်သည်။
Tea၊ ဖျော်ရည် အဖြစ်နှင့် လည်းကောင်း အခြောက်ပြုလုပ်၍ ဆေးတောင့်များအတွင်း သွတ်သွင်း၍သော် လည်းကောင်း အမျိုးမျိုးပြုလုပ် အသုံးပြု နိုင်သည်။ အထူးသတိပြုရန်ကတော့ ကိုယ်ဝန်ရရှိရန် ကြိုးစားနေသူများနှင့် နို့တိုက်မိခင်များ သောက်သုံးလိုလျှင် အရင်ဦးစွာ ဆရာဝန်နှင့် တိုင်ပင်၍ လမ်းညွှန်မှုကို ခံယူပါ။
Winn Hlaing Oo
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.wordpress.com
ဖေ့ဘွတ်ပေါ်လစီအရ ပေ့ခ်ျများကို လိုက်ခ်လုပ်ထားသော်လဲ ၆% မှ၁၀% အထိသာမြင်ခွင့်ပေးပါသည်။ ပို့စ်များကို မလွတ်တန်း ဖတ်ချင်ရင်တော့ ပေ့ခ်ျ၏ Time Line ကိုသွားကာ Like Drop Down Button ကိုနှိပ်၍ Get Notifications ကို ထပ်နှိပ်လိုက်ရင် မလွတ်တန်း ဖတ်ရှုနိုင်ပါပြီ။

Comments
Post a Comment