အအေးမိ-တုပ်ကွေး-နှာစေး-ချောင်းဆိုးခြင်းအတွက် နည်းလမ်း ( ၁၉ )သွယ်

လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလများက သီတင်းကျွတ်ပြီးသည်နှင့်
မိုးလေကင်းစင် အအေးတဖြည်းဖြည်းပိုလာကာ နိုဝင်ဘာ လကုန်မှာ
မြူနှင်းမှုန်လေးတွေစတွေ့ ရပါပြီ။ ဒီဇင်ဘာလ နှင့် ဇန္န၀ါရီလတွေမှာ
အအေးကဲဆုံးဖြစ်ပြီး ဖေဖေါ်ဝါရီလဆန်း ရောက် တော့ အအေးလည်းပေါ့
နွေဦးလည်းရောက်လို့ လာပါတယ်။ ယခုနောက်ပိုင်းမှာတော့ မိုးအကုန်မှာ
အပူဒဏ်ကကြားဝင်လာပြီး၊ ဆောင်းဥတုသို့ု
ရုတ်ချည်းကူးပြောင်းသွားပါတော့တယ်။ အဲဒီလို ရာသီဥတု ကူးပြောင်းဒဏ်ကို
ချက်ချင်းဆိုသလို ခံစားရတာ ကြောင့် အချို့ သောသူတွေမှာ ကိုယ်လက်မအီမသာ
ဖျားနာလာပါတယ်။
အအေးမိတုပ်ကွေးရောဂါဟာ ကမ္ဘာပေါ်မှာပျံ့ နှံ့ ကူးစက်မှု အမြန်ဆုံး နှင့်
အဖြစ်များဆုံးသော ရောဂါတစ်မျိုးပါ။ လူတစ်ဦးလျှင် မိုး ရာသီ(သို
့မဟုတ်)ဆောင်းရာသီမှာ ပျမ်းမျှအားဖြင့် အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ်
ဖြစ်တတ်ပါတယ်။ အအေးမိတုပ်ကွေးဖြစ် နေသူတစ်ယောက်ဟာ တစ်ရှုးခံ၍
နှာချေချောင်းဆိုးသင့်ပြီးနောက်၊ ထိုတစ်ရှုးကို အမှိုက်ပုံးထဲသို
့စံနဟ်တကျစွ န့်ပစ်သင့်ပါ တယ်။ လက်ကိုင်ပုဝါနဲ့ အုပ်၍
နှာချေချောင်းဆိုးတဲ့အခါ ဗိုင်းရပ်ပ်ပိုးက ထိုလက်ကိုင်ပုဝါထဲမှာ ၂ နာရီ၊
၃ နာရီလောက်ကြာမှ သေ သွားပါတယ်။ အကယ်၍ လူအများကြားထဲမှာ
နှာချေချောင်းဆိုးတဲ့အခါ တုပ်ကွေးဗိုင်းရပ်ပိုးတွေက တစ်ပေ၊
နှစ်ပေလောက်အထိ ပျံ့ နှံ့ သွားပြီး ပတ်ဝန်းကျင်မှကိုယ်ခံအားနည်းသူထံသို
့ဗိုင်းရပ်ပိုးတွေအလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။
ထိုဗိုင်းရပ်စ်ပိုးဝင်ပါ က အအေးမိ၊ နှာစေး၊ နှည်ရည်ကျ၊ နှာခေါင်းပိတ်၊
ချောင်းဆိုး (ချောင်းခြောက်လည်းဖြစ်နိုင်သလို
သလိပ်ပါခြင်းလည်းဖြစ်နိုင်)၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်ခဲတာတွေ
ခံစားရပါတယ်။ တခါတရံမှာ အဖျားဝင်လာပြီး သလိပ်များပျစ်လာခြင်း၊ ချွဲသလိပ်
များ ၀ါလာခြင်းဖြစ်နိုင်ပါတယ်။ ထိုအခြေအနေမျိုးမှာ ပိုးသတ်ဆေးသောက်မှ
ရောဂါပျောက်နိုင်ပါတယ်။
နှာချေချောင်းဆိုးတဲ့အခါ ပြင်ပ နှင့်ထိတွေ့  ဆက်ဆံနေရသော
အလုပ်သမားဝန်ထမ်းများသာမက၊ ကျောင်းနေရွယ် ကလေး များအားလုံး
ကိုယ်ခံအားမကောင်းရင်၊ ကူးစက် ရာသီဖျားပိုးမွှားများ အလွယ်တကူကူး
စက်လာနိုင်၍ အလုပ်ပျက်/ကျောင်း ပျက်ဖြင့် စိတ်ညစ်စရာပါ။
အအေးမိဖျားနာခြင်းကြောင့် အသက်အန္တရာယ် မစိုးရိမ်ရသော်ငြား၊
အဖျားပျောက်ပြီး ချောင်းတဟွတ် ဟွတ် စွဲကျန်ရစ်ခဲ့ကာ မိသားစုဝင်များနှင့်
ပတ်ဝန်းကျင်ရှိသူများကို လက်ဆင့်ကမ်းမကူးစက်ရလေအောင် အောက်ပါနည်းလမ်း
(၁၉)သွယ်ဖြင့် မျှဝေလိုက်ရပါတယ်။
(၁) အစိမ်းရောင်၊ အ၀ါရောင် များများစားပါ။
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ စားပေးခြင်းက ကိုယ်ခံစွမ်းအားကို
တိုးတက်မြင့်မားစေပါတယ်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်း ထဲတွင်ပါရှိသော
ဓာတုဓာတ်ပေါင်းစုက အအေးမိ၍တုပ်ကွေးနှင့် ကူးစက်ဖျားနာများကို
ကောင်းစွာတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့်
ပန်းဂေါ်ဖီစိမ်းကိုဂျင်းတပြားရိုက်၍ရောနှောကြော်စားရန်
Cambridgeတက္ကသိုလ်ရှိ အာဟာရဗေဒပညာရှင်များက အကြံပြုထားကြပါတယ်။
ထိုနည်းတူစွာပင် အ၀ါရောင်သီးနှံများဖြစ်ကြတဲ့ လိမ္မော်သီး နှင့်
သံပုရာသီးတို့ ကို ဖျော်ရည်အဖြစ်သော် လည်းကောင်း၊ လိမ္မော်ခွံ (သို
့မဟုတ်) သံပုရာခွံတို့ ကို ရေနွေးစိမ်၍သော်လည်းကောင်း
သောက်သုံးခြင်းဖြင့် တုပ်ကွေးဖျားနာ ခြင်းမှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။
(၂) အားဆေးမှီဝဲပါ။
ဗီတာမင်စီ က ကိုယ်ခံအားကိုမြှင့်တက်စေ၍၊ ဗီတာမင်ဒီ က အအေးမိခြင်းကို
ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိတုပ်ကွေး ဖျား နာခြင်းအတွက် ဗီတာမင်စီ
တစ်ခုတည်းမလုံလောက်ပါဘူး။ ဗီတာမင်ဒီအပါအ၀င် အခြားဗီတာမင်နှင့်
သတ္တုဓာတ်တို့ ပါဝင်သော အစားအသောက်များ မျှတစွာစားပေးရပါမယ်။ ကျွန်မတို
့နေ့ စဉ်စားသောက်သော အစားအစာများထဲတွင် ထိုဓာတ်များ တပြိုင် နက်တည်း
လုံလောက်စွာမရနိုင်သဖြင့် ဖြည့်စွက်စာအဖြစ် အားဆေးမှီဝဲပေးဖို့ လိုပါတယ်။
(၃) အိပ်ရေး၀၀ အိပ်ပါ။
တစ်နေ့ လျှင် ၈-နာရီနှင့်အထက် အိပ်ရေး၀၀အိပ်စက်ခြင်းက သွေးတိုးရောဂါနှင့်
အ၀လွန်ခြင်းကို ကာကွယ်ပေးရုံသာမက၊ အ အေးမိနှာစေးကဲ့သို
့အသက်ရှုလမ်းကြောင်းမှ ကူးစက်ရောဂါပိုးများကိုလည်း
တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ၇-နာရီထက် လျော့နဲစွာအိပ်စက်သူများကို၊
၈-နာရီနှင့်အထက် အိပ်စက်သူများနှင့် နှိုင်းယှဉ်ပါက အိပ်ချိန်နည်းသူများဟာ
အအေးမိကူးစက် ရောဂါ ဖြစ်နိုင်ချေ အလားအလာ ၃-ဆမျှပိုကြောင်း
အမေရိကန်ဆေးသုတေသီများက အကြံပြုထားပါတယ်။
(၄) ပဋိဇီဝဆေးဆောင်ထားပါ။
ချမ်းအေးသောရာသီများမှာ ကိုယ်ခံအားနည်းသော ကလေးများ နှင့်
သက်ကြီးရွယ်အိုများတွင် ဗိုင်းရပ်စ်ပိုးကူးစက်လွယ်သဖြင့် အိမ်မှာ
အအေးမိတုပ်ကွေးဖျားနာပျောက်ဆေး အဆင်သင့်ဆောင်ထားပါ။ လိုအပ်ပါက
အသက်ရှုလမ်းကြောင်းမှ ကူးစက်ပိုးတွေ ကို ၂၀% မျှ ကာကွယ်ပေးသည့် Actimel
(ခေါ်) ပဋိဇီဝဆေး ကြိုတင်တိုက်ကျွေးပေးပါ။
(၅) နံက်စာစားပါ။
နံက်စာပုံမှန်စားသူများဟာ၊ နံက်စာလုံးဝမစားသူများထက်
အအေးမိကူးစက်ရာဂါဖြစ်နိုင်ခြေ နည်းပါးကြောင်း Cardiff University ရှိ
အမေရိကန်ဆေးတက္ကသိုလ်မှ အကြံပြုထားပါတယ်။ အထူးသဖြင့်
ကိုယ်ခံအားကောင်းစေရန် နံက်စာထဲမှာ ဗီတာမင်ဘီ အုပ် စုများ၊ သံဓာတ် နှင့်
သွပ်ဓာတ်ပါရှိသော အစားအစာများကို စားပေးကြရန် ဆေးသုတေသီများက
ထပ်လောင်းအတည်ပြုထား ပါ တယ်။
(၆) လက်ဆေးပါ။
ဆေးသိပ္ပံပညာရှင်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊
အအေးမိဗိုင်းရပ်(စ်)ပိုးရှိသောသူ ကိုင်တွယ်ထားသည့် တံခါးလက်ကိုင်ဘု
များပေါ်တွင် ကျန်ရှိခဲ့သည့် ဗိုင်းရပ်(စ်)ပိုးမွှားများဟာ
၂၄-နာရီကျော်သည်ထိ အသက်ရှင်နိုင်ကြသည်ဟုဆို၏။ ထို့ ကြောင့် အများ
သုံးတံခါးလက်ကိုင်ဘုများ၊ အရောင်းစင်တာရှိပစ္စည်းထဲ့တွန်းလှည်းများ၊
တံခါးလက်ရန်းများကို တစ်ခါသုံးတစ်ရှုးဖြင့်ကိုင် တွယ်ပါ။ ၄င်းတို့ ကို
ကိုင်တိုင်တွယ်ပြီးနောက် မိမိ၏ မျက်လုံး-နှာခေါင်းတို့ ကို မတို့ ထိကြဘဲ
ဆပ်ပြာသုံး၍ လက်စင်စင်ဆေး ကြောပါ။
(၇) လက်ကို ဖွက်(၀ှက်) ထားပါ။
အအေးမိဝေဒနာခံစားရသူ၏ လက်-ခံတွင်း-နှာရည်တို့ မှ ကူးစက်ပျံ
့ပွားစေနိုင်သဖြင့်၊ ရောဂါရှိသူ၏ လက်နှင့် ၄င်း၏ အခြား
အသုံးအဆောင်ပစ္စည်းများကို မကိုင်တွယ်မထိမိပါစေနှင့်။
နှာချေချောင်းဆိုးသောအခါတွင်လည်း ကျမ္မာရေးအသိဖြင့် လက် (သို့  မဟုတ်)
လက်ကိုင်ပုဝါ (သို့ မဟုတ်) တခါသုံးတစ်ရှုးအုပ်ပါ။ ကလေးငယ်များကို
ဖက်ရမ်းနမ်းရှုပ်ခြင်းမပြုရ။
(၈) ပလုပ် (အာလုပ်) ကျင်းပါ။
ရေနွေးဖြင့် ပလုပ်(အာလုပ်)ကျင်းခြင်းက လည်ချောင်း/လည်မျိုတို့ မှ
အချွဲအကျိများ နှင့် ဗိုင်းရပ်(စ်)များကို သန့် စင်ပေးသဖြင့်၊
ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။ ဂျပန်ရိုးရာကုထုံးများတွင်
နံက်အိပ်ယာထ သွားမတိုက်မှီတချိန်၊ နေ့ လည်စာ နှင့် ညစာ စားပြီးချိန်
စုစုပေါင်း တစ်နေ့  ၃-ကြိမ် မျှ ရေကြက်သီးနွေးခန်
့ဖြင့်အာလုပ်ကျင်းလေ့ရှိပြီး၊ ထိုသို့ ပြုကျင့်ခြင်းက အအေးမိနှာ
စေးချောင်းဆိုးခြင်းကို ၃၆%မျှ လျော့ချ ပေးနိုင်သည် ဟု ဂျပန်ဆေးသုတေသီများကဆို၏။
(၉) ဟင်းခတ်အမွှေးအကြိုင်ဆောင်ပါ။
ငရုပ်သီးအခြောက်မှုန့် ထဲတွင်ပါရှိသော capsaicin ဓာတ်ဟာ
အင်းဆက်ပိုးမွှားများကိုသေစေသည့်ပြင်၊ အသက်ရှု လမ်းကြောင်း
ကိုပွင့်လန်းလာစေပါတယ်။ ထို့ အတူ ကြက်သွန်ဖြူထဲရှိ allicin ဓာတ်ကလည်း
ကိုယ်ခံအားစံနစ်ကိုကောင်းစေသည့် သဘာဝ ပဋိဇီဝဓာတ်တိုး ဆန်
့ကျင်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် အအေးမိစေတတ်တဲ့
ဗိုင်းရပ်(စ်)ပိုးများကို တိုက်ဖျက်ပေးပါတယ်။ ထို့  ပြင် အအေးမိတုပ်ကွေး
နှင့် ချောင်းဆိုးခြင်းအတွက် ဂျင်းပြုတ်ရည်က အကောင်းဆုံးဆေးတစ်ခွက်ဟု
တရုပ်ဆေးသုတေသီများ က ဆိုထားပါတယ်။
(၁၀) အရက်အလွန်အကျွံမသောက်ပါနှင့်။
အချို့ သော ယမကာလုင်များကလည်း မိုးအေးအေးကိုအကြောင်းပြ၍၊
အရက်ကိုဆေးဖြစ်ဝါးဖြစ်မှီဝဲကြသည်။ လိုအပ်သည်ထက် ပိုမိုသောက်သုံးပါက၊
အသည်းကိုထိခိုက်စေသည့်ပြင် ပင်ပန်းအားယုတ်၍ အအေးမိကူးစက်ပိုးတို့ ကို
ခံနိုင်ရည်မရှိတော့ပေ။
(၁၁) ရေသောက်မပျင်းပါနှင့်။
ခန္ဓာကိုယ်တွင်းရေဓာတ်အလုံအလောက်ရရှိမှသာ
စားထားသမျှအာဟာရများကိုစုပ်ယူနိုင်ပြီး၊ ခွန်အားအဖြစ်ပြောင်းလဲပေး ရုံသာ
မက၊ ခန္ဓာကိုယ်တွင်း မသန့် စင်သောအညစ်အကြေးများကို ချွေး၊ သွေး၊ သလိပ်၊
ဆီး၊ ၀မ်း အဖြစ် ကူညီစွန့် ထုတ်ပေးပါတယ်။ ဓာတ်ကြီး ၄-ပါးညီမျှရင်ဖြင့်
ကိုယ်ခံအားကောင်းကာ ပြင်ပကူးစက်ရောဂါများလည်း
အလွယ်တကူဝင်မလာနိုင်တော့ပါဘူး။
(၁၂) လ္ဘက်ရည်ကြမ်း (ရေနွေးကြမ်း) သောက်ပါ။
လ္ဘက်ရည်ကြမ်း သောက်ခြင်းက တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်(စ်)ပိုးများကို
နှိမ်နင်းနိုင်ပါတယ်။ ဒါကြောင့် အအေးမိတုပ်ကွေးဖြစ် တဲ့အခါ ကော်ဖီအစား
လ္ဘက်ရည်ကြမ်း ပူပူ သောက်ပေးပါ။
(၁၃) လမ်းမှန်မှန်လျှောက်ပါ။
တစ်နေ့ လျှင် အနည်းဆုံးနာရီဝက်ခန့် လမ်းမှန်မှန်လျှောက်ခြင်းက
ဇီဝကမ္မလုပ်ဆောင်ချက်ကိုကောင်းကျိုးပြုပြီး၊ ပြင်ပရောဂါများ ကိုလည်း
တိုက်ထုတ်ပေးနိုင်ပါတယ်။
(၁၄) အဖြူရောင်သကြားရှောင်ပါ။
အရောင်ချွတ်ထားသော ဖြူဆွတ်၍ မှုန့် ညက်နေသော သကြားများက
ကိုယ်ခံစွမ်းအားကို လုံးဝကောင်းကျိုးမပြုပါ။ ဒါကြောင့် အမှုန်
့အပွင့်ကြီး၍ ၀ါကြင်ကြင် အရောင်ရှိသော သဘာဝသကြားတို့ ကိုသာ သုံးပါ။
(၁၅) မျက်လုံးကိုကာကွယ်ပါ။
အကယ်၍ အအေးမိ/တုပ်ကွေးရှိသူက၊ မိမိရှေ့ တွင်နှာချေလာပါက၊
မျက်နှာကိုတစ်ဘက်သို့ လွှဲထားလိုက်ပါ (သို့ မဟုတ်) မျက်လုံးကိုပါ
ပိတ်ထားပါ။ သင့် နှာခေါင်းသာမက၊ မျက်လုံးကလည်း
လေထဲရှိဗိုင်းရပ်ပိုးများက စုပ်ယူနိုင်စွမ်းရှိလို့ ပါဘဲ။
(၁၆) အကောင်းမြင်စိတ်ဓာတ်မွေးမြူပါ။
ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ်ရှိခြင်၊ စိတ်ဖိစီးမှုများခြင်း စသည့်
စိတ်ပိုင်းဆိုင်ရာအတက်အကျကြောင့် cortisol ဟိုမုန်းထွက်ရှိ လာပါတယ်။
ထိုအခါ ဟိုမုန်းများ ညီညွတ်မျှတမှုကိုပျက်စီးစေပြီး၊
ကိုယ်ခံစွမ်းအားကျဆင်းလာတာကြောင့်လည်း အအေးမိလွယ် ပါတယ်။
(၁၇) ယူကလစ်ပင်ကိုဆောင်ပါ။
ယူကလစ်ပင်၏ အဆီဟာ အအေးမိ/နှာစေး/ချောင်းဆိုးခြင်းအတွက်၊
ပိုးသတ်ဆေးအဖြစ်အလွန်အသုံး တည့်တာကြောင့်လည်း ယူကလစ်ဆီကို
ရှုဆေးအဖြစ်လည်းကောင်း၊ ယူကလစ်ပင်အရွက်နှင့်ကိုင်းတို့ ကို
ရေနွေးဖြောရေချိုး၍လည်းကောင်း အီတလီ နိုင်ငံရိုးရာကုထုံးများတွင်
အသုံးပြုလေ့ရှိကြပါတယ်။
(၁၈) ဆေးလိပ် ရှောင်ပါ။
လေးလိပ်သောက်ခြင်းက နှာခေါင်းနှင့် အဆုပ်အတွင်းရှိ
ရောဂါကာကွယ်ပေးနိုင်သော အမြှေးပါးလေးများကို ထိခိုက်ပျက်စီးစေ
နိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်ပိုးများကို
ရှုရှိုက်မိတဲ့အခါ ပျက်စီးပြီးဖြစ်နေသော ထိုအမြှေးပါးလေးတွေ
ကာကွယ်မပေးနိုင်တော့ပါဘူး။
(၁၉) စိုထိုင်းမှုမှ ကာကွယ်ပါ။
စိုစွတ်နေတဲ့ ဧရိယာမှာ ရောဂါဖြစ်စေတဲ့ မှိုပိုးမွှားတွေ
ရှင်သန်းပေါက်ဖွားလွယ်ပါတယ်။ ဒါကြောင့် မိမိအိမ် နှင့် ပတ်ဝန်းကျင်ကို
စိုစွတ်ထိုးမှိုင်းမှု မဖြစ်ရအောင်၊ လေ၀င်လေထွက်ကောင်းအောင်၊
အလင်းရောင်ဝင်အောင်၊ မှိုနံ့ ပျောက်အောင် အထူးဂရုပြုပေး ပါ။
အထက်ပါနည်းလမ်း (၁၉) သွယ်ကို လက်ကိုင်ထား၍ စိုစွတ်အေးမြသော မိုးဥတု နှင့်
ဆောင်းဥတုများမှာ မိမိနှင့်တကွ မိမိ ပတ်ဝန်းကျင်ကို ကျမ္မာရေးသိဖြင့်
ကြိုတင်ကာကွယ် နိုင်ကြပါစေကြောင်း။

<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>

(ဆောင်းပါးရှင်…ပေါက်ပေါက်...ရေးသားမျှဝေသည်)

Comments

Popular posts from this blog

“ကင်ဆာအတွက် ဂေါ်ဖီထုပ် ဖျော်ရည်”

အ​အေးမိပြီးနာကျင်​ကိုက်​ခခြင်းကို သက်​သာ​စေမယ့်​သဘာဝနည်းလမ်းများ